Friday, July 10, 2009

အမုန်းဆုံး

တန်းစီဂတ်ပါ...... ပြောပြီးခါမှ
ကိုယ်ရာဂျောင်မှာ ....... ကုတ်နီရေသူ
ယင်းပိုင်လူကို....... အမုန်းဆုံး..။

ညီညွတ်ကတ်ပါ .......ပြောပြီးခါမှ
သူရာအယင် ....... ရန်စဆင်သူ
ယင်းပိုင်လူကို.......အမုန်းဆုံး.....။

ကိုယ်ကျင့်တရား ......လက်ကိုင်ထားဖို့
စကားဆိုပြော ..... ဟောကြားနီလို့
ကိုယ်ကားအကျင့် ......ဖောက်ဖျက်နီသူ
ယင်းပိုင်လူကို ......အမုန်းဆုံး...။

အမျိုးသားရေး ....... စိတ်မှာတွေးဖို့
ဆွေးနွေပြီးမှ ..... အမျိုးပြဗျာလ်
ရရာယူဆွဲ ...... ကိုယ်ကျိုးစွဲသူ
ယင်းပိုင်လူကို .....အမုန်းဆုံး...။

အမျိုးချစ်စွာ ...... ပြောပြီးခါမှ
ကိုယ့်အမျိုးကိုပစ် .......မျိုးခြားကြိုက်သူ
ယင်းပိုင်လူကို...... အမုန်းဆုံး..။

အမျိုးစောင့်ပါ .......ပြောဆိုပြီးခါမှ
ကိုယ်ရာဘုန်းကြီး ...... ဖြစ်နီရလို့
ငါ့ကိုငါလေ့...... ရင်နာမိရေ
ငါကိုယ်ငါလေ့...... အမုန်းဆုံး..။

No comments:

Post a Comment