Friday, July 10, 2009

တိုက်ဖို့မလို ဖြစ်ဖို့လို

ရခိုင်သားတိ တိုက်ဖို့ဆိုရေစကားလုံးကိုကောင်းကောင်းသုံးဂတ်စွာကိုတွိရပါရေ။ အမှန်မာတိုက်ဖို့ဆိုရေ စကားလုံးစွာ ရဲရင့်သူရို့လက်သုံးစကားဖြစ်နိန်ရေ အတွက်နန့် စွန့်ပစ်လိုက်လို့မရပါ။ ယေဂေလည်း ပထမဆုံးဖြစ်ဖို့လိုပါရေ။ အင်အားကြီးရန်သူကိုတိုက်ဖို့ အတွက် ခိုင်မာရေအဖွဲ့စီးတခုလိုဖို့ဆိုစွာကို အများသိဂတ်ပါလိမ့်မည်။ ယင်းအတွက်နန့်ခိုင်မာရေအဖွဲ့စီးတခုဖြစ်ဖို့လိုပါရေ။ ခိုင်မာရေအဖွဲ့စီးဖြစ်ဖို့ ခိုင်မာရေ ငွေပမာနလိုအပ်နိန်ပါရေ။ ခိုင်မာရေငွေပမာနအတွက် ခိုင်မာရေစီပွားရေးသျှင်တိဖြစ်ဂတ်ဖို့လိုနိန်ပါရေ။ ခိုင်မာရေငွေပမာနဟိဗျာလ် အဖွဲ့စီးတခုကိုထောင်ရေခါ ယင်းအဖွဲ့စီး၏အသက်ရှည်အောင်စောင့်ရှောက်ဖို့ ပညာသျှင်တိလိုအပ်ပါရေ။ ယင်းလိုအပ်ရေပညာသျှင်တိအတွက် ရခိုင်သား/သမတိပညာတက်ဖြစ်ဖို့လိုပါရေ။ စီးပွားသျှင်ပညာသျှင် ဖြစ်ဖို့ ပထမခြီလှမ်းကိုလျှေက်လှမ်းရပါဖို့။ ယေဗြီးခါမှာ့ ခိုင်းမာရေအဖွဲ့စီးတခုကိုစဉ်းစားဂတ်ရပါဖို့။ ယင်းအဆင့်တိဖြစ်ဗျာလ်ဆိုဂေ တိုက်ပွဲဆိုရေ ခြီလှမ်းစွာမမြင်ချင်ဂေလည်းမြင်လာရလိမ့်မည်။ ဥပမာပြောရဖို့ဆိုဂေ
အင်္ဂလန်အဆင့်မြင့်တန်းဘောလုံးအသင်း ချေဆီး အသင်းကိုကြည်ပါ။ လွန်ခရေ ၅/၆ လှောက်ထိ အောင်မြင်မူကိုရှာမတွိခသိမ်း။ ရုချား သဌီး ရောက်လာရေခါ ဘောလုံးပညာသျှင်တိကိုစုဆောင်းပလိုက်ရေအတွက်နန့် အင်အားကြီးအသင်းတသင်းဖြစ်ပနာ ကမ္ဘာမာနာမည်ကြီးအသင်းတိလည်း ချေဆီး ဆိုရေနာမည်တလုံး၏ အခြောက်လှန့်ခြင်းကိုခံနီရဗျာလ်။ ဓနအင်အား ပညာအင်အားပေါင်းစပ်လိုက်ခါမှာ့ အောင်မြင်မူပန်းတိုင်ကိုလှမ်းမြင်နိုင်လိမ့်မည်။ ဂနိန့်ရခိုင်းသား/သမရို့တိစွာ ပထမခြီလှမ်းမဖြစ်ခင် နောက်တဆင့်ကျော်လှမ်းနီဂတ်ယင်း။ အမှန်မာ ပထမခြီလှမ်းအယင်ဖြစ်ဖို့လိုသည်။

No comments:

Post a Comment