Friday, July 10, 2009

သဘာဝ

အရာရာသည်
မတည်မြဲသောသဘောတရားကြောင့်
ပျက်စီးတက်၏။
ယင်းချင့်သည် သဘာဝတရားပင်ဖြစ်သည်။

မမြဲသောတရားကို
တခါတလီ မြဲ၏လို့မှားထင်မိယင်း
ယင်းအမှားသည်လည်းသဘာဝပင်ဖြစ်၏။

ယေကေလည်း
သဘာဝကို သဘာဝလို့
ဂနိန့်တိုင်နားမလည်းသီး
အသျှင်မင်းတယောက်သံသရာခရီးမှာ
ဆက်ဟိနီပါလိမ့်မည်။
............

သဘာဝတရားက အသျှင်ကို
ကယ်တင်နိုင်ပါဖို့လား
ယင်းပိုင်လည်းမဟုတ်ပြန်ကါး။

သဘာဝကို သဘာဝအတိုင်းမလေ့လာသရွိ
သဘာဝကို ...အသျှင်...မင်းနောက်ကမ္ဘာတသိန်းတိုင်
သဘောပေါက်လီဖို့မဟုတ်
သဘာဝစွာ အမှန်တရား
အမှန်တရားကို သဘောပေါက်ကေ
ဗုဒ္ဓဟောကြားရေ နိဗ္ဗာန်စွာဇာဝီးပါဖို့လဲ။

လွယ်သယောင်ယောင်နန့်ခက်တေ
သဘာဝ...
သဘာဝ

No comments:

Post a Comment