Thursday, April 30, 2009

ငါလျှောက်ရဖို့ ခရီး

အမျိုးနာမည်က ရက္ခိတ
ဝင်းပခရက်တိက အတိတ်မာကျန်ခဗျာလ်
လက်ဆင့်ကမ်းအမွီ
ငါဆက်ခံရလာစွာက ကျွန်ဘဝ။

င့ါထိုက်နန့်ငါ့ကံ ဘဝလောကဓံကို
ကြံ့ကြံ့ခံဖို့တွက် ငါ့အသက်ငါ့ခန္ဓာ
မြိန်စာဖြစ်လားစီကေလေ့ ငါဝန်မလီး။

ကာရန်မညီနဘေမလှ
သုခမဟိ ဒုက္ခတိရာဟိဂေလေ့
ငါ့ဝဋ်ကြွီးတွက် ငါပီးဆက်ယင်း။

သြော်.....
ဝင်လာရေ အတွေးချေတခုက
ငါ့မျိုးဇာတ် ငါ့သွီးဆက်တွက်
ငါဝဋ်နန့်ငါ့ကံ
ဒေဒဏ်နန့်ဒေဒုက္ခကို
လက်ဆင့်ကမ်းဖို့ ငါမဝန့်။

သူရို့အတွက်
အလင်းရောင်နီဦးရရေနိန့်ရက်တိုင်
ငါလျှောက်လှမ်းရဖို့သီး..။

Ashon(အသျှင်)

သမိုင်းထဲကိုပြန်မရောက်ချင်

ထိုလွန်ခရေ
နှစ်ပေါင်း၂၀၀အကျော်ကပင်
ဒေဂနိထိ
ညီညွတ်မှုဆိုရေ
တိုက်ပွဲကိုဆင်နွှဲလာဂတ်စွာ
ပြောပုံကအဟုတ် လုပ်ပုံကတလွဲနန့်
ငါအပါဝင်ရခိုင်သားအားလုံး....။

ရာစုနှစ်တိကပြောင်းဂေလေ့
မျိုးချစ်ဆိုရေ စကားလုံးက
ရခိုင်တိသားတိ"ပစ"မှာမပြောင်း
ဟောင်နီရေခွီးတကောင်နန့်ဂါ
ငါမနှိုင်းချင်ဗျာလ်...
“အသျှင်...
မင်းကောင်းကောင်းရိုင်းရေဂါးလို့
ပြောဖို့စွာကအသေချာဆုံး....။”

စကားလုံးက...
"ငါရို့တိရာ အမျိုးအချစ်ဆုံး" ပုံစံနန့်
တမျိုးသားလုံးကိုလိမ်ဖို့ကြိုးစား
သူရဲကောင်းပုံစံနန်
ကိုယ့်ကိုယ်ကိုအသားယူပြော..။

ရခိုင်သား..
အမှန်ကိုရာမြင်ကေ
ဆင်ခြီသုံးဖို့အချိန်ကါမဟုတ်
အလုပ်နန့်သက်သီပြရဖို့စွာဗျာလ်လို့
မင်းလည်းငါပါမြင်ပါလိမ့်မည်..။


ကြားဖူးရေကါး
တော်လှန်ရေးသမိုင်းထဲမှာ
ဟိုးဟိုးကျော်ရေ အဖွဲ့စည်းတိ
သူရို့တိကါးညီညွတ်မူနန့်
အောင်မြင်မှုတိကို
လုပ်နိုင်ခယင့်လား။

ပြောချင်စွာက...
မင်းဇာပြောလဲ ငါဇာပြောလဲ
ပြန်ပနာဆင်ခြင်ကြည့်
အပြောနန့်အလုပ် တညီတည်းပြကက်မယ်။
ကွဲပြဲနီရေ သမိုင်းတိထဲသို့ငါပြန်မရောက်ချင်ပါဗျာလ်...။

Ashon(အသျှင်)